မကြာခင်စတင်မိတ်ဆက်တော့မယ့် MIoD ရဲ့ ပထမဆုံးသော Corporate Governance Clinic
November 17, 2026
လူကြီးမင်းတို့ရဲ့ လုပ်ငန်းမှာ Corporate Governance နဲ့ပက်သက်ပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါသလား?
အဖြေကို MIoD နဲ့အတူတကွ ရှာဖွေလိုက်ရအောင်နော်။ 🤝
တကယ်တော့ Corporate Governance ဆိုတာ system၊ practice၊ policy နဲ့ structure တွေကို compliance ဖြစ်အောင်လုပ်နိုင်တဲ့ စည်းမျဉ်းစည်းကမ်းတွေ သက်သက်မဟုတ်ပါဘူး။ လူကြီးမင်းရဲ့ လုပ်ငန်းနှင့် ပက်သက်ပြီး Competitive Edge (အားသာချက်) တစ်ခုကိုပေးစွမ်းနိုင်တဲ့ system of rules ပဲဖြစ်ပါတယ်။ 🎯
MIoD Corporate Governance Clinic မှာ ဘာတွေရမလဲ?
- လုပ်ငန်းမှာ Corporate Governance နဲ့ပက်သက်ပြီးလက်တွေ့ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေကို မေးမြန်းနိုင် မယ်။
- အတွေ့အကြုံရင့် ဒါရိုက်တာများ၊ MIoD လုပ်ငန်းရှင်ဆရာ/ဆရာမများနှင့် ဘာသာရပ်ကျွမ်းကျင် ပညာရှင်များနဲ့ ဆွေးနွေးခွင့်ရမယ်။
- ကုမ္ပဏီပိုင်ရှင်များ၊ ဒါရိုက်တာများနှင့် စီးပွားရေးခေါင်းဆောင်များအတွက် သီးသန့် Interactive Forum ဖြစ်မယ်။
- မေးခွန်းမေးသူကဘယ်သူဘယ်၀ါမေးတယ်ဆိုတာကို Clinic မှာမဖော်ပြဘူး။ တစ်ယောက်မေးတဲ့မေးခွန်း ကနေ ပါ၀င်သူအားလုံးက အဖြေကိုနားလည်သိရှိနိုင်မှာဖြစ်တဲ့အတွက် အရမ်းအကျိုးရှိတယ်။
သီအိုရီတွေမဟုတ်ဘဲ…လက်တွေ့လုပ်ငန်းခွင်မှာအသုံးဝင်မယ့် အကြံဉာဏ်တွေ ကို ရယူလိုက်ပါ။
💡 Real Challenges.💡 Expert Insights.💡 Better Governance.
လူကြီးမင်းရဲ့လုပ်ငန်းအတွက် ပိုမိုခိုင်မာတဲ့ Governance စနစ်ကို တည်ဆောက်ဖို့ အခုပဲ ပြင်ဆင်ထားလိုက်ပါ။
Stay tuned for our first CG Clinic.
