Board of Directors

Our board members

Our board members are a diverse group of business leaders and advocates of good corporate governance in Myanmar. They include prominent company CEOs, and heads of organisations representing market stakeholders.

Back to all members

ဦးစိုင်းလူမွန်အောင်

Board Member

ဦးစိုင်းလူမွန်အောင် သည် ဘဏ်နှင့်အာမခံလုပ်ငန်းကဏ္ဍတွင် မဟာဗျူဟာမြောက် အစီအစဉ်များကို ဦးစီး ဦးဆောင်ပြုခြင်း၊ လုပ်ငန်းလည်ပတ်နိုင်စွမ်းအားကို မြှင့်တင်ခြင်း၊ ဘဏ်နှင့်အာမခံလုပ်ငန်းနှင့် ဆက်စပ်နေသော အခြားလုပ်ငန်းဌာနအများအပြားတွင် ထိရောက်မြန်ဆန်စွာအကောင်အထည်ဖော်နိုင်သော လုပ်ငန်းအဖွဲ့များကို ဦးဆောင်ခြင်းတို့တွင် အတွေ့အကြုံများစွာရှိသူတစ်ဦးဖြစ်သည်။ ဦးစိုင်းလူမွန်အောင်သည် မြန်မာနိုင်ငံရှိ အကြီးဆုံးဘဏ်ဖြစ်သည့် ကမ္ဘောဇဘဏ် နှင့် အမေရိကန်ပြည်ထောင်စု ရှိ Wall Street တွင် ငွေကြေးနှင့် ဘဏ္ဍာရေး ဆိုင်ရာ option ဈေးကွက်တို့တွင်လည်း ရလဒ်ကောင်းများဖြင့် အောင်အောင်မြင်မြင် လုပ်ကိုင်ဆောင်ရွက်ခဲ့သူ တစ်ဦးလည်းဖြစ်သည်။

နည်းပညာပိုင်းနှင့်ပတ်သက်၍လည်း အတွေ့အကြုံကောင်းများစွာ ရှိသူ တစ်ဦးဖြစ်သည့်အပြင် အမြော်အမြင်ရှိသော ခေါင်းဆောင်တစ်ဦးဖြစ်သည့်အားလျော်စွာ  ဦးစိုင်းလူမွန်အောင် သည် ဘဏ်လုပ်ငန်းဆိုင်ရာ ဆန်းသစ်တီထွင်မှုများ နှင့် Data ကိုအသုံးပြု၍ ဆုံးဖြတ်ချက်ချရသည့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် ထူးချွန်သူလည်းဖြစ်သည်။ ဦးစိုင်းလူမွန်အောင်၏ ဦးဆောင်မှုကြောင့် ဘဏ်လုပ်ငန်းကဏ္ဍနှင့် ဘဏ္ဍာရေးစျေးကွက်များတွင် သိသိသာသာတိုးတက်မှုနှင့် အသွင်ကူးပြောင်းမှုရလဒ်ကောင်းများကို ရရှိခဲ့ပြီးဖြစ်သည်။ ဦးစိုင်းလူမွန်အောင် သည် အရည်အသွေးပြည့်ဝသော အလုပ်အဖွဲ့များကို အောက်ခြေမှစ၍ ဦးဆောင်တည်ဆောက်နိုင်ခြင်း၊ ရှိနှင့်ပြီးသော အလုပ်အဖွဲ့များကို စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့် စွမ်းဆောင်ရည်မြင့်မားသောယူနစ်များအဖြစ် ပြန်လည်ဖွဲ့စည်းခြင်း၊ လုပ်ငန်းဌာနတွင်းရှိ အလားအလာရှိသော နောင်မျိုးဆက်ခေါင်းဆောင်များကို လမ်းညွှန်သင်ကြားပြသ ပေးခြင်း စသည့် စွမ်းရည်များကြောင့်လည်း အသိအမှတ်ပြုခံရသူတစ်ဦး ဖြစ်သည်။ ဦးလူမွန်သည် လူတစ်ဦးချင်းစီ၏ ကြိုးစားချင်စိတ်ကို တွန်းအားပေးကာ အသင်းအဖွဲ့အနေဖြင် အတူတကွ အောင်မြင်မှုရရှိအောင် အစဉ်တစိုက် စီမံခန့်ခွဲတတ်သူတစ်ဦးလည်းဖြစ်သည်။